ယုံရမှာလား

ပန်းနုရောင်သန်းနေတဲ့
ပါးမို့မို့လေးထက်မှာ
ပါးကွက်ကလေးနဲ့
ချစ်စရာကောင်းတဲ့ မင်းမျက်နှာလေးကို
မေ့လို့မရအောင်
မြင်မြင်ချင်းပဲ ချစ်မိသွားလို့တဲ့
မင်းပြောခဲ့တယ်
ယုံရမှာလား . . . . . . . .
ဘယ်သူနဲ့မှ အစားထိုးမရအောင်
မင်းမှမင်းပဲ ဖြစ်နေလို့
မင်းမချစ်ရင် သေရပါမယ်
အကြိမ်ကြိမ်အခါခါ ရွတ်ပြနေခဲ့
ယုံရမှာလား . . . .. . . .
ဘ၀တစ်သက်တာ မ င်းတစ်ယောက်သာ
ထာဝရလက်တွဲဖော်အဖြစ်
သစ္စာရှိရှိ ချစ်သွားပါ့မယ်
အကြိမ်ကြိမ်အခါခါ ကတိတွေ ပေးခဲ့
ယုံရမှာလား . . . . .
အဆုံးသတ်တော့
သူငယ်ချင်းတွေ စ ကြလို့သာ
မင်းကို ချစ်တယ်ထင်ခဲ့မိတာ
တကယ်တမ်းတော့
မင်းကို ချစ်တာ မဟုတ်ခဲ့ပါ
သာယာမိခဲ့တာပါ ဆိုတဲ့ ခေါင်းစဉ်ကို တပ်
ငါမဟုတ်တဲ့ နောက်တစ်ယောက်ကို
ချစ်ဖို့ ကြိုးစားနေတာ
မင်းမှ ဟုတ်ရဲ့လား
ကောင်မလေးရယ် . . . . . .
  

                    
                                  SKY

Comments