ဟန်ဆောင်အမုန်း

မင်းနဲ့တွေ့တိုင်း
မျက်နှာကို တင်း မာနထားပြီး
ခါးသီးတဲ့ မျက်ဝန်းတစ်စုံနဲ့
မုန်းဟန်ဆောင်ခဲ့. .။
မင်းအချစ်ကို တန်ဖိုးမဲ့စွာ
ဟာသတစ်ခုလို ပြတ်လုံးထုတ်ခဲ့ . . . .
မင်းနဲ့တွေ့တိုင်း
နာကျင်စေမယ့် စကားကြမ်းကြမ်းတွေနဲ့
ပြောခဲ့ပေမယ့်
ရင်တွင်းမှာတော့
နူးညံ့တဲ့ အချစ်စစ်တစ်ခုရှိတယ်ဆိုတာ
မင်းသိခဲ့ရင် . . . . . .
အသည်းနှလုံး မရှိတဲ့ ကျောက်ဆစ်ရုပ်လို
နူးညံ့မှုကင်းစွာ
မုန်းတယ်မုန်းတယ် ရွတ်ပြခဲ့ရပေမယ့်
ရင်ထဲမှာတော့ အမုန်းကင်းစွာ
ချစ်တယ်ချစ်တယ် အခါခါ ရွတ်ပြနေတယ်ဆိုတာ
မင်းသိခဲ့ရင် . . . .
မင်းမုန်းသွားတော့
အပြုံးတုတွေ ဖန်ဆင်း
ပျော်ဟန်ဆောင်ကာ နေပြခဲ့ရပေမယ့်
ရင်းတွင်းမှာတော့ နာကျင်ခံစား
တိတ်တဆိတ် ငိုကြွေးနေတာ
မင်းသိခဲ့ရင် . . . . . .
                                      SKY

Comments

Popular posts from this blog

Myanmar3 Unicode မှာ Font Size Error

2012 ခုနှစ်အတွက် အကောင်းဆုံးနှင့် လူကြိုက်အများဆုံး Data backup recovery software ဆု ရရှိသည့် Stellar Phoenix Windows Data Recovery Pro 5.0