ပင်လယ်တစ်စင်းရဲ့ ကြေကွဲည
မင်းက
ကြယ်တစ်လုံးပါ . . . . ချစ်သူ
လမိုက် တစ်ညရဲ့
ကြယ်တွေမြေခတဲ့ညမှာ
မင်းနဲ့ငါ ဆုံတွေ့ခဲ့တာလေ
အဲဒီတုန်းက . . . . ငါ
ဒေါသမကြီးတတ်သေးဘူး . . .
လတစ်စင်းရဲ့
လက်ထပ်ပွဲညမှာတော့
လောကကြီးတစ်ခုလုံး
ထိန်ထိန်ညီး နေတာပေါ့
. . . .
လမင်းကြီး ဘေးက မင်းကို
အားလုံးက ပြောကြတယ်
အရမ်းလှတယ်တဲ့
အခုတော့ . . . . ငါ
ဒေါသကြီးတတ်လိုက်တာ
လှိုင်းတံပိုးတွေ ထန်လို့. . . .
Comments
Popular posts from this blog
Myanmar3 Unicode မှာ Font Size Error
2012 ခုနှစ်အတွက် အကောင်းဆုံးနှင့် လူကြိုက်အများဆုံး Data backup recovery software ဆု ရရှိသည့် Stellar Phoenix Windows Data Recovery Pro 5.0